88 Generation Position on Current Situation of Burma Regarding Arakan Conflit, Meikhtila Conflit, OIC & HRW Report https://www.facebook.com/the88gen.pr

“ စနေကောက်နုတ်ချက် ( တစ်ပတ်အတွင်း အပြန်အလှန်ဆွေးနွေးမျှဝေခြင်း ) ”

https://www.facebook.com/the88gen.pr

…………………………………………………………………………

“ ကျွန်တော်တို့ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့

အစည်းဟာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၊ ၁၃ရက်မှုာ အကျဉ်းထောင်
အသီးသီးကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် တစ်နှစ်
ကျော်ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ဖိတ်ကြားချက်အရ
မြန်မာနိုင်ငံတနံတလျားကို ခရီးထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေကို

“ ပွင့်လင်းခရီးစဉ် ” တွေလို့ခေါ်ပါတယ်။ အဲဒီခရီးစဉ်တွေမ…ှာ
ဒုက္ခ၊သုက္ခခံစားနေရတဲ့ ပြည်သူလူထုတွေနဲ့ ပွင့်ပွင့်လင်းလင်း
အပြန်အလှန်ဆွေးနွေးမှုတွေကို ရင်းရင်းနှီးနှီလုပ်လေ့ရှိပါတယ်။
ပွင့်လင်းခရီးစဉ်တွေရဲ့ရည်ရွယ်ချက်အရ –

– အကြောက်တရားကင်းရေး၊
– ကိုယ့်အခွင့်အရေးကိုယ်သိသူ ဖြစ်ရေး၊
– ကိုယ့်အခွင့်အရေးကို တောင်းဆိုရဲသူ ဖြစ်ရေး၊
– ရရှိလာသောအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်
နိုင်သူဖြစ်ရေး၊
– တာဝန်ယူ၊ တာဝန်သိစိတ်ရှိသောသူဖြစ်ရေးဆိုသည့်

အချက်များကို အခြေခံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။

ပွင့်လင်းခရီးစဉ်တွေဟာ အောင်မြင်မှုရပါတယ်။ အထူးသဖြင့်
အပြန်အလှန်ဆွေးနွေးခန်းတွေရောက်ရင် မိုက်ခရိုဖုန်းကို
ပြည်သူလူထုကြားထဲ ချပေးလိုက်တာနဲ့ ကျွန်တော်၊ ကျွန်မ

နာမည်က ဘယ်သူပါ၊ ဘယ်မြို့၊ ဘယ်ရွာမှာနေပါတယ်။
ဘယ်အဖွဲ့အစည်းကပါ စသဖြင့် သူတို့ရဲ့ကိုယ်ရေးအချက်
အလက်အမှန်တွေနဲ့ ရဲရဲဝံ့ဝံ့ပြောဆိုဆွေးနွေးကြတာတွေဟာ
ဒီမိုကရေစီရဲ့အခြေခံကျင့်စဉ်တွေပဲဖြစ်ပါတယ်။ ပြောဆို
ဆွေးနွေးမှုဟာ – မိသားစုဆန်ပြီး အများအားဖြင့်အကျိုးရှိတာကို

တွေ့ရပါတယ်။

ယနေ့ စနေကောက်နုတ်ချက် အပြန်အလှန်ဆွေးနွေးမှုတွေဟာ
အပြင်မှာပြည်သူလူထုနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြပြီး
သားတွေ ဖြစ်ပါတယ်။ ယခု ကျွန်တော်တို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေး
နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း( လူထုဆက်ဆံရေးဋ္ဌာန) Page မှ

တစ်ဆင့်လည်း ပြန်လည်ဖော်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

◙ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းဟာ
နိုင်ငံရေးပါတီ တည်ထောင်၊ မထောင်နှင့်ပတ်သက်၍ –
ကျွန်တော်တို့ ၈၈-မျိုးဆက်တွင် –
– အချို့သောလုပ်ဖော်၊ကိုင်ဖက်များဟာ တစ်ချိန်မှာ လွှတ်တော်တွင်း

နိုင်ငံရေးကို ထဲထဲဝင်ဝင်လုပ်သွားဖို့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်း၊
– တစ်ချို့က အရပ်ဘက်လူ့အဖွဲ့အစည်း(လွှတ်တော်ပြင်ပနိုင်ငံရေး)
မှာလုပ်ကိုင်ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ၂၀-၁-၂၀၁၂မှာ
ပြုလုပ်ခဲ့တဲ့ ပထမဦးဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲမှာကတည်းက

ပြောကြားခဲ့ပြီးဖြစ်တယ်။
အဲဒီပြောကြားချက်ကိုပဲ ထပ်မံပြီးအတည်ပြုဖြေကြားအပ်ပါတယ်။
သို့သော် ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
အမည်ဖြင့် ပါတီထောင်ရန် လုံးဝအစီအစဉ်မရှိပါ။

မိမိတို့နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: